Kisssapanadilove

ကိုယ်ကွန်ပျူတာထဲကို ဟတ်ကာ တယောက် ၀င်ရောက်နေမှု ရှိမရှိ စစ်ဆေးခြင်း မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ဝင်ရောက်နေမှု ရှိမရှိ အလွယ်တကူရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို အိုင်တီ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။ ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲဖြစ်ဖြစ် ဝင်ရောက် နေပြီဆိုရင် စက်ဟာ နှေးကွေးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။ ဒီလိုဝင်ထွက်နိုင်ဖို့ ဝင်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။ အများဆုံး အသုံးပြုတာက Transmissinon Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။ ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေ က သုညကနေ 1023 အတွင်းမျာ ရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။ ဒါကိုဖော်ထုတ်နိုင်ဖို့ ဝင်းဒိုးမှာ အလိုအလျောက် ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကို နှိပ်ပါ။ Run box လေးပေါ်လာပါလိမ့်မယ်။ CMD လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။ အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat-a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။ စာတန်း အရှည်ကြီးထွက်လာပါလိမ့်မယ်။ ပုံမှာကြည့်ပါ။ ဆက်ကြောင်းတစ်ခုဟု မိမိစက်ကနေ အပြင် lP တစ်ခုကို ထွက်နေတာတွေ့ရပါလိမ့်မယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲနဲ့ Browser တွေ အကုန် ပိတ်ထားပေမယ့် TCP ဆက်ကြောင်းကနေ ထွက်နေတာ ဖြစ်ပါတယ်။ Port တွေကို နံပါတ်နဲ့ မြင်ချင်ရင် Netstat-an လို့ ရိုက်ထည့်ပြီး ကြည့်ပါ။ မိမိကွန်ပျူတာမှာရှိတဲ့ ပရိုဂရမ်တစ်ခုခုက အင်တာနက် Connection ယူပြီး အပြင်ကို ထွက် နေသလားသိချင်ရင် Netstat-bn လို့ Command Prompt မှာရိုက်ထည့်ပြီး သုံးကြည့်ပါ။ အောက်ဖော်ပြပါပုံမှာ avp.exe ပရိုဂရမ်က အပြင် lP နံပါတ် 74.125.236.85 ကို Port နံပါတ် 443 ကို အသုံးပြုပြီး TCP ဆက်ကြောင်းကနေ ထွက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေ ဘယ်ပရိုဂရမ်တွေက အပြင်ကို အင်တာနက်ကနေ တစ်ဆင့် ဝင်နေထွက်နေ သလဲဆိုတာ Netstat ကို အသုံးပြုပြီး ရှာဖွေနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်

Wednesday, February 27, 2013

မောင်သက်ဝေ(နည်းပညာ): လိုအပ်တာကိုဒေါင်းပါ (marquee)

မောင်သက်ဝေ(နည်းပညာ): လိုအပ်တာကိုဒေါင်းပါ (marquee): မောက်မောက်လေး : အကိုရေ မင်္ဂလာပါ ဖြစ်နိုင်ရင် လိုအပ်တာကိုဒေါင်းပါ လိုမျိုးကုဒ်လေးတွေ တင်ပေးပါလာဗျာ စောင့်မျှော်နေပါတယ် ။ မောင်သက်ဝေး...

No comments:

Post a Comment